Artists: Will L. Thompson
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဖြည်းညင်းသိမ်မွေ့စွာယေရှုရှင်ခေါ်နေသည်၊ သင်နှင့်ငါ့အားခေါ်နေသည်။ စိတ်နှလုံးတံခါးမှာကိုယ်တော်စောင့်နေသည်၊ သင်နှင့်ငါ့အားစောင့်နေသည်။ အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊ ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊ ခေါ်သည်အိုပြစ်သားပြန်လာ။ ယေရှုတောင်းပန်စဉ်ဘယ်ကြောင့်ကြန့်ကြာနှောင့်နှေး၊...
Download the app for full lyrics and more...
ဖြည်းညင်းသိမ်မွေ့စွာယေရှုရှင်ခေါ်နေသည်၊ သင်နှင့်ငါ့အားခေါ်နေသည်။ စိတ်နှလုံးတံခါးမှာကိုယ်တော်စောင့်နေသည်၊ သင်နှင့်ငါ့အားစောင့်နေသည်။ အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊ ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊ ခေါ်သည်အိုပြစ်သားပြန်လာ။ ယေရှုတောင်းပန်စဉ်ဘယ်ကြောင့်ကြန့်ကြာနှောင့်နှေး၊ ကျွန်ုပ်တို့ကိုတောင်းပန်နေ။ ကရုဏာတော်မှုမထား ဘယ်ကြောင့်နှောင့်နှေး၊ သင်နှင့်ငါ့ကိုပေးလျက်နေ။ အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊ ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊ ခေါ်သည်အိုပြစ်သားပြန်လာ။ အောက်မေ့အံ့ဖွယ်မေတ္တာကတိတော်ထားသည်၊ သင်နှင့်ငါ့ဖို့ထားမူ၏။ ပြစ်မှားသော်လည်း ကရုဏာနှင့်ပြစ်လွှတ်မည်၊ သင်နှင့်ငါ့ကိုပြစ်လွှတ်၏။ အိမ်သို့ပြန်လာ၊ စိတ်ပင်ပန်းသူအိမ်သို့လာ၊ ဖြည်းညင်းစိတ်နှင့်လွန်စွာယေရှုခေါ်နေရှာ၊ ခေါ်သည်အိုပြစ်သားပြန်လာ။