Artists: John Hart Stockton
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ပြစ်နှိပ်စက်ခြင်းခံသူတိုင်းလာ၊ ကိုယ်တော်ကရုဏာရှိ။ မိန့်တော်မြတ်ကိုယုံကြည်မှသာ၊ ငြိမ်ခြင်းအမှန်ရရှိ။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။ အပြစ်မှကယ်နုတ်မူလိုပေ၊ သွေးတော်မြတ်သွန်းမူပြီ။ မိုးပွင့်ကဲ့သို့ဖြူအောင်ဆေးလေ၊ သွေးတော်၌နစ်ြုမပ်ပြီ။...
Download the app for full lyrics and more...
ပြစ်နှိပ်စက်ခြင်းခံသူတိုင်းလာ၊ ကိုယ်တော်ကရုဏာရှိ။ မိန့်တော်မြတ်ကိုယုံကြည်မှသာ၊ ငြိမ်ခြင်းအမှန်ရရှိ။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။ အပြစ်မှကယ်နုတ်မူလိုပေ၊ သွေးတော်မြတ်သွန်းမူပြီ။ မိုးပွင့်ကဲ့သို့ဖြူအောင်ဆေးလေ၊ သွေးတော်၌နစ်ြုမပ်ပြီ။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။ ယေရှုသမ္မာတရားလမ်းပေ၊ ငြိမ်သက်ခြင်းသို့ပို့ဆောင်။ ကိုယ်တော်ကိုယုံကြည်ဆိုင်းမနေ၊ သင်မင်္ဂလာရှိအောင်။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။ ဝင်ပါသန့်ရှင်းသူစည်းဝေးရာ၊ ချီတက်ဘုန်းတော်ခံရန်။ ဝမ်းမြောက်ခြင်းအစဉ်ပြည့်စုံရာ၊ ကောင်းကင်အိမ်တွင်နေရန်။ ကိုယ်တော်မြတ်ကိုသာယုံကြည်ပါ၊ ယခုယုံကြည်ပါ။ သင့်အပြစ်မှကယ်ချွတ်မူမည်၊ ယခုကယ်ချွတ်မည်။