Artists: Marcus Morris Wells
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
သန့်ရှင်းဝိညာဉ်လမ်းပြရှင်၊ တပည့်တော်နားနေအစဉ်၊ ကောင်းကင်ခရီးလျှောက်သွားစဉ်၊ ဖြည်းညင်းစွာလမ်းပြသခင်၊ မောပန်းဝိညာဉ်ဝမ်းမြောက်ချေ၊ ချိုသာသံတော်နားထောင်လေ၊ ခရီးသည်နောက်သို့လိုက်လာ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ ၂။ မိတ်ဆွေစစ်ဝိညာဉ်တော်ရှင်၊ မစရန်ရှိနေအသင့်၊ ကျွန်ုပ်တို့ကိုမှောင်မိုက်တွင်၊...
Download the app for full lyrics and more...
သန့်ရှင်းဝိညာဉ်လမ်းပြရှင်၊ တပည့်တော်နားနေအစဉ်၊ ကောင်းကင်ခရီးလျှောက်သွားစဉ်၊ ဖြည်းညင်းစွာလမ်းပြသခင်၊ မောပန်းဝိညာဉ်ဝမ်းမြောက်ချေ၊ ချိုသာသံတော်နားထောင်လေ၊ ခရီးသည်နောက်သို့လိုက်လာ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ ၂။ မိတ်ဆွေစစ်ဝိညာဉ်တော်ရှင်၊ မစရန်ရှိနေအသင့်၊ ကျွန်ုပ်တို့ကိုမှောင်မိုက်တွင်၊ စိုးရိမ်ရာမစွန့်ပါနှင့်၊ ပြင်းထန်စွာမုန်တိုင်းကျလာ၊ စိတ်ငယ်မျှော်လင့်မဲ့သောခါ၊ နောက်တော်လိုက်ရန်ခေါ်မူပါ၊ ပို့ဆောင်မည်အိမ်တော်သာယာ။ ဆောင်ရွက်ရန်အမှုပြီးလျှင်၊ ခေါ်တော်မူချိန်စောင့်နေစဉ်၊ ဆုတောင်းလျက်မျှော်လင့်တောင့်တ၊ ကောင်းကင်ဘုံဝင်ရန်တသ၊ သေခြင်းမြစ်ကိုကူးသောခါ၊ သွေးတော်မြတ်မှီခိုကိုးစား၊ နောက်တော်လိုက်ရန်ခေါ်မူပါ၊ ပို့ဆောင်မည်အိမ်တော်သာယာ။