Artists: Fanny J. Crosby
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ လူအပေါင်းတို့မေတ္တာတော်ကိုကြွေးကြော်။ ဘုန်းအာနုဘော်ကိုယ်တော်၌မြဲရှိပါစေသော်၊ ကောင်းကင်တမန်မင်းများတို့ပြောကြလော့။ သိုးထိန်းကဲ့သို့ယေရှုသည်သူငယ်များအား၊ တစ်နေ့လုံးလက်တော်နှင့်ပွေ့ဆောင်ပို့လို။ ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊...
Download the app for full lyrics and more...
ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ လူအပေါင်းတို့မေတ္တာတော်ကိုကြွေးကြော်။ ဘုန်းအာနုဘော်ကိုယ်တော်၌မြဲရှိပါစေသော်၊ ကောင်းကင်တမန်မင်းများတို့ပြောကြလော့။ သိုးထိန်းကဲ့သို့ယေရှုသည်သူငယ်များအား၊ တစ်နေ့လုံးလက်တော်နှင့်ပွေ့ဆောင်ပို့လို။ ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။ ၂။ ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ ကိုယ်တော်မြတ်သည် လက်ဝါးကပ်တိုင်ပေါ်မှာ။ ကျွန်ုပ်တို့၏ပြစ်များကြောင့်ခံထိုက်သောဒဏ်ပင်၊ ခံတော်မူကာအမှန်ကယ်တင်မူရှာ။ ကျွန်ုပ်တို့ဝမ်းနည်းကြေကွဲခြင်းဆောင်မူရှာ၊ ချီးမွမ်း၍မကုန်မေတ္တာတော်ဂုဏ်ကို။ ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။ ချီးမွမ်း၊ ချီးမွမ်း၊ ကျွန်ုပ်တို့၏ကယ်တင်ပိုင်ရှင်၊ ကောင်းကင်ဘုံမှာနာမတော်ချီးမွမ်းကြ။ စဉ်မပြတ်အုပ်စိုးတော်မူမည်ယေရှုသခင်၊ သရဖူကိုခေါင်းတော်ပေါ်မှာဆောင်းရ။ ရန်သူတို့ကိုအောင်ခြင်းငှါကိုယ်တော်ကြွလာ၊ ဘုန်းတန်ခိုးကိုယ်တော်၌တည်စေသတည်း။ ချီးမွမ်း၊ ချီးမွမ်း၊ ဂုဏ်သရေအကြောင်းကိုပြောပါ၊ ချီးမွမ်း၊ ချီးမွမ်း၊ စဉ်မပြတ်သီချင်းဆို။