Artists: George Washington Sederquist
Language: myanmar
Source: Myanmar SDA Hymnal
Lyrics Preview
သခင်ဘုရား ကြွလာလုနီးပြီ ၊ လူများပြောဆိုသံကြား။ ကောင်းကင်ကြယ်များမှိန်လျက်နေပြီ၊ မိုးသောက်လင်းချိန်ရောက်လုပြီတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။ နေလကောင်းကင်မြေကြီးပင်လယ်တွင်၊...
Download the app for full lyrics and more...
သခင်ဘုရား ကြွလာလုနီးပြီ ၊ လူများပြောဆိုသံကြား။ ကောင်းကင်ကြယ်များမှိန်လျက်နေပြီ၊ မိုးသောက်လင်းချိန်ရောက်လုပြီတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။ နေလကောင်းကင်မြေကြီးပင်လယ်တွင်၊ နိမိတ်များထင်ရှားရာ။ သခင်ကြွလာချိန်နီးကြောင်းပင်၊ လူတို့အားကျယ်စွာ ကြွေးကြော်နေပါ။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။ စောင့်နေအသင်းတော်မာနပယ်ရှား၊ အချိန်ကျရောက်လေပြီ။ မီးခွက်ထွန်းလျက်ခါးပန်းစည်းထား၊ ရောက်လာမည့်နေ့ကိုမျှော်လင့်သင့်ပြီ။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။ ကျယ်သောလမ်းမလမ်း ကြိုလမ်းကြားသို့၊ လျင်မြန်စွာထွက်သွားကာ။ ရောက်လာမည့်နေ့မှာသင့်ရှိဖို့၊ ကျိုးသူကန်းသူနာသူခေါ်ဖိတ်ပါ။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား၊ နေ့ချိန်ရောက်လုနီး၍၊ ညဉ့်ချိန်ကုန်လုတကား။ အိုမိုးသောက်လင်းချိန်ရောက်လုပြီတကား။