Artists: Lelia N. Morris
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ယေရှုအံ့ဖွယ်မေတ္တာတော်၊ ပြစ်ရှိကျွန်ုပ်ကိုရှာ၊ ခြံသို့ပို့ဆောင်ကျေးဇူးတော်၊ တုမဲ့ကရုဏာထား၊ သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ။ ထိုမေတ္တာတော်မြတ်ကြောင်းကို၊ ကျွန်ုပ်သီချင်းကျူးဆို။ ထပ်ဆိုရန် ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊ နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊...
Download the app for full lyrics and more...
ယေရှုအံ့ဖွယ်မေတ္တာတော်၊ ပြစ်ရှိကျွန်ုပ်ကိုရှာ၊ ခြံသို့ပို့ဆောင်ကျေးဇူးတော်၊ တုမဲ့ကရုဏာထား၊ သမုဒ္ဒရာထက်နက်ပေ၊ ကောင်းကင်ဘုံထက်မြင့်လေ။ ထိုမေတ္တာတော်မြတ်ကြောင်းကို၊ ကျွန်ုပ်သီချင်းကျူးဆို။ ထပ်ဆိုရန် ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊ နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊ ကြားလေတိုးနာလည်ရ၏။ ရှေးခါယုဒပြည်တစ်ဝိုက်၊ ကိုယ်တော်သွားလာနေခိုက်၊ ကယ်ဆယ်ကျေးဇူးသိလိုငှါ၊ နောက်တော်လူတို့လိုက်ရှာ၊ ကြေကွဲနှလုံးချမ်းသာပေး၊ ကန်းသူများကိုမြင်စေ။ မြင့်မြတ်လှမဟာမေတ္တာ၊ ကျွန်ုပ်ကိုပင်လိုက်ရှာ။ ထပ်ဆိုရန် ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊ နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊ ကြားလေတိုးနာလည်ရ၏။ ကပ်တိုင်တော်၌ဝေဒနာ၊ ကျွန်ုပ်တို့တွက်ရှုံးလေ၊ ညည်းသံမြုပဘဲခံရှာ၊ ထိုမေတ္တာတော်မြတ်ပေ၊ သန့်ရှင်းသူတို့နှင့်မသဝေ၊ အသံလွှင့်ချီးမြှောက်လေ။ ကယ်တင်ရှင်အားချီးမွမ်းသံ၊ ကောင်ကင်ဘဝဂ်လုံးလျှံ။ Page ထပ်ဆိုရန် ယေရှုအံ့ဖွယ်မေတ္တာတော်၊ တစ်နှစ်ထက်တစ်နှစ်တိုးသိ၊ နက်နဲကျယ်ဝန်းမြင့်သောအံ့ဖွယ်မေတ္တာတော်သည်၊ ကြားလေတိုးနာလည်ရ၏။