Artists: Philip P. Bliss, 1838-1876
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကောင်းကင်ဘုံရှိအကျွန်ုပ်တို့အဖ၊ ပေးတော်မူသောဗျာဒိတ်ကျမ်းကိုပြောပြ။ နှစ်မြို့ဖွယ်ကောင်းအမြတ်ဆုံးကိုဆိုမည်၊ ယေရှုကျွန်ုပ်ကိုသနားတော်မူသည်။ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ အားရပေသည်၊ အားရပေသည်၊ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ ကျွန်ုပ်ကိုပင်ချစ်သည်။ ကိုယ်တော်ကိုမေ့၍လမ်းလွဲတတ်သော်လည်း၊...
Download the app for full lyrics and more...
ကောင်းကင်ဘုံရှိအကျွန်ုပ်တို့အဖ၊ ပေးတော်မူသောဗျာဒိတ်ကျမ်းကိုပြောပြ။ နှစ်မြို့ဖွယ်ကောင်းအမြတ်ဆုံးကိုဆိုမည်၊ ယေရှုကျွန်ုပ်ကိုသနားတော်မူသည်။ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ အားရပေသည်၊ အားရပေသည်၊ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ ကျွန်ုပ်ကိုပင်ချစ်သည်။ ကိုယ်တော်ကိုမေ့၍လမ်းလွဲတတ်သော်လည်း၊ ယေရှုငါတို့ကိုပင်အောက်မေ့သတည်း။ မေတ္တာတော်မြတ်ကိုအမှတ်ရပြန်လျှင်၊ ချစ်ဖွယ်ယေရှုထံတော်ပါးသို့ပြေးဝင်။ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ အားရပေသည်၊ အားရပေသည်၊ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ ကျွန်ုပ်ကိုပင်ချစ်သည်။ ယေရှုရှင်ကြီးသည်ဘုန်းတော်နှင့်ကြွလာ၊ သီချင်းတစ်ပုဒ်သာကျွန်ုပ်ဆိုနိုင်ပါ။ ယေရှုကျွန်ုပ်ကိုအံ့ဖွယ်ချစ်ပေသည်၊ ထိုသီချင်းထာဝရကာလဆိုမည်။ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ အားရပေသည်၊ အားရပေသည်၊ ယေရှုကျွန်ုပ်ကိုချစ်တော်မူသည်၊ ကျွန်ုပ်ကိုပင်ချစ်သည်။