Artists:
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ မေတ္တာတော်၏ကတိတည်း။ အားဖြည့်သောချိန်ရောက်ရလိမ့်မည်၊ ထက်ကယ်တင်ရှင်ထံမှတည်း။ ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။ မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ တောင်ချိုင့်များမှသံကြားသည်။ တစ်ဖန်အားဖြည့်စေတော်မူမည်၊...
Download the app for full lyrics and more...
မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ မေတ္တာတော်၏ကတိတည်း။ အားဖြည့်သောချိန်ရောက်ရလိမ့်မည်၊ ထက်ကယ်တင်ရှင်ထံမှတည်း။ ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။ မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ တောင်ချိုင့်များမှသံကြားသည်။ တစ်ဖန်အားဖြည့်စေတော်မူမည်၊ များစွာမိုးရွာသွန်းလောင်းတည်း။ ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။ မင်္ဂလာမိုးသွန်းလောင်းရွာစေ၊ ကျွန်ုပ်ပေါ်တွင်ကြွယ်ဝစေ။ အားဖြည့်ခြင်းကိုမစမူလေ၊ နှုတ်ကပတ်တော်ချီးမြှင့်ပေ။ ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။ မင်္ဂလာမိုးသွန်းလောင်းရွာမည်၊ ယနေ့ပင်သွန်းလောင်းရွာစေ။ အပြစ်များကိုဖော်ပြပေသည်၊ ယေရှုထံဆုတောင်းကြလေ။ ကောင်းချီးမိုးရွာစေ၊ ကောင်းချီးမိုးရွာခြင်းလိုပေ။ ကရုဏာမိုးပေါက်ကျနေပေ၊ သို့သော်မိုးရွာခြင်းလိုသေး။