Artists:
Language: English
Source: Myanmar SDA Hymnal
Lyrics Preview
အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ ညမှောင်ချိန်မှာရှာဖွေမူရှာ၊ မှောင်အေးလောကမြေ၊ သိုးခြံနွေးထွေးနေ၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ ကိုယ်တော်ဆီမီး၊ ကျွန်ုပ်လမ်းရောင်ခြည်ထွန်းလင်း။ စုံလင်ခြင်းနေ့တိုင်အောင်၊ ဘုန်းတော်ရောင်လင်းစေ၊ စိမ်းလန်းမြက်ခင်းပြင်ချိုင့်ဝှမ်းလျောင်းစေကာ၊...
Download the app for full lyrics and more...
အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ ညမှောင်ချိန်မှာရှာဖွေမူရှာ၊ မှောင်အေးလောကမြေ၊ သိုးခြံနွေးထွေးနေ၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ ကိုယ်တော်ဆီမီး၊ ကျွန်ုပ်လမ်းရောင်ခြည်ထွန်းလင်း။ စုံလင်ခြင်းနေ့တိုင်အောင်၊ ဘုန်းတော်ရောင်လင်းစေ၊ စိမ်းလန်းမြက်ခင်းပြင်ချိုင့်ဝှမ်းလျောင်းစေကာ၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ စိတ်နှလုံးတော်ကြေကွဲမူရှာ၊ ကိုယ်တော်ကျေးဇူးနှင့် ပညတ်တော်တို့သည်၊ ဆုံစည်းကြကရာနီမှာ။ သက်တော်မြတ်ပေး၊ ကျွန်ုပ်ဝိညာဉ်ပြစ်လွှတ်စေ။ ပြစ်သားစုံလင်စေရန်စိတ်တော်ကြေကွဲရှာ၊ ပျောက်ကွယ်ဤလောက၊ ကပ်တိုင်၌ထင်ရှား၊ သိုးထိန်းရှင်နောက်တော်လိုက်မှာ။ အိုသိုးထိန်းဘုရား၊ ကျွန်ုပ်တွက်ဖြစ်ရာ၊ နောက်တော်လိုက်ရန်မိန့်တော်မူရှာ၊ ဝိညာဉ်ဆုကျေးဇူး၊ ယနေ့သတင်းပေး၊ လမ်းခရီးကိုထွန်းလင်းစေ။ သိုးငယ်များတွက်အံ့ဖွယ်မေတ္တာတော်ကြီးမား၊ ငြိမ်သက်နက်ရှိုင်းရေရှိရာရှေ့ဆောင်မူရှာ၊ သိုးထိန်းတစ်ပါးသိုးခြံတောင်ဝှေးတစ်ခု၊ သိုးထိန်းရှင်နောက်တော်လိုက်မည်။