Artists: Charles Wesley
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
မေတ္တာတော်မြတ်သာလွန်မေတ္တာ၊ ကောင်းကင်မှမြေသို့ကြွလာ အကျွန်ုပ်တို့နေအိမ်ကုပ်မှာ၊ ကရုဏာတော်ကိန်းအောင်းပါ။ ယေရှုကိုယ်တော်ကြွယ်ဝမေတ္တာ၊ အနန္တမေတ္တာရှင်မှာ။ ကယ်တင်ခြင်းနှင့်ကြွလာမူရှာ၊ တုန်လှုပ်စိတ်ထဲစံမူပါ။ ကိုယ်တော်ချစ်ခြင်းဝိညာဉ်သွန်းလေ၊ သောကပူပန်စိတ်တို့တွင်။ ကျေးဇူးတော်များအမွေခံစေ၊...
Download the app for full lyrics and more...
မေတ္တာတော်မြတ်သာလွန်မေတ္တာ၊ ကောင်းကင်မှမြေသို့ကြွလာ အကျွန်ုပ်တို့နေအိမ်ကုပ်မှာ၊ ကရုဏာတော်ကိန်းအောင်းပါ။ ယေရှုကိုယ်တော်ကြွယ်ဝမေတ္တာ၊ အနန္တမေတ္တာရှင်မှာ။ ကယ်တင်ခြင်းနှင့်ကြွလာမူရှာ၊ တုန်လှုပ်စိတ်ထဲစံမူပါ။ ကိုယ်တော်ချစ်ခြင်းဝိညာဉ်သွန်းလေ၊ သောကပူပန်စိတ်တို့တွင်။ ကျေးဇူးတော်များအမွေခံစေ၊ ကတိတော်ချမ်းသာနားဝင်။ ဒုစရိုက်အလိုများပယ်ရှား၊ အာလဖနှင့်ဩမေဃ။ စိတ်လွတ်ခြင်းအခွင့်ပေးသနား၊ ယုံခြင်းအဆုံးနှင့်အစ။ ကယ်ချွတ်ရန်စွမ်းကြီးသောအရှင်၊ ကျွန်ုပ်တို့ကျေးဇူးခံစေ။ လျင်မြန်ဆင်းလျက်ကျွန်ုပ်ထဲတွင်၊ ဗိမာန်ကိုစွန့်ပယ်နှင့်လေ။ ကိုယ်တော်ကိုအစဉ်ချီးမွမ်းလို၊ ကောင်းကင်ဗိုလ်ခြေတူစွာလေ။ ဆုတောင်းနေလျက်မေတ္တာတော်ကို၊ ချီးမြှောက်ရန်မပြတ်လိုပေ။ အသစ်ဖန်ဆင်းပြီးစေမူလို၊ ကျွန်ုပ်တို့သန့်ရှင်းစုံလင်။ ကိုယ်တော်ကယ်တင်ခြင်းတရားကို၊ ပြည့်စုံတည်ကြည်ခြင်းမြင်ချင်။ ကောင်းကင်ဘုံသို့ ရောက်သည်တိုင်အောင်၊ ဘုန်းတော်မှဘုန်းတော်ဝင်မှာ။ သရဖူများရှေ့တော်ပို့ဆောင်၊ အံ့ဩချီးမွမ်းကြပေမည်။