Artists: Will L. Thompson
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ရွှင်လန်းသက်ရှင်စေသည်၊ နေ့စဉ်ခွန်အား၊ ထံတော်မှရ၊ ကိုယ်တော်ပါမှပြီးရာ။ ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ်၊ အခြားမိတ်ဆွေမကယ်နိုင်ပါ၊ ကိုယ်တော်ရှင်သာ၊ ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း။ ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ဒုက္ခမှကယ်မသည်၊ ကောင်းချီးခံရန်၊ ထံတော်ချဉ်းကပ်၊ ထပ်မံ၍ပေးဦးမည်။...
Download the app for full lyrics and more...
ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ရွှင်လန်းသက်ရှင်စေသည်၊ နေ့စဉ်ခွန်အား၊ ထံတော်မှရ၊ ကိုယ်တော်ပါမှပြီးရာ။ ဝမ်းနည်းသောခါ၊ ထံတော်ချဉ်းကပ်၊ အခြားမိတ်ဆွေမကယ်နိုင်ပါ၊ ကိုယ်တော်ရှင်သာ၊ ဝမ်းမြောက်စေသည်၊ မိတ်ဆွေတည်း။ ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ဒုက္ခမှကယ်မသည်၊ ကောင်းချီးခံရန်၊ ထံတော်ချဉ်းကပ်၊ ထပ်မံ၍ပေးဦးမည်။ နေအလင်းနှင့်မိုးရေကိုပေး၊ ကောက်ပဲသီးနှံကြွယ်ဝစွာကျွေး၊ နေလင်း၊ မိုးရေ၊ သီးနှံပေးသည်၊ မိတ်ဆွေတည်း။ ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ကျွန်ုပ်အမှန်ချစ်မည်၊ ဤမျှချစ်သော၊ မိတ်ဆွေစစ်ကို၊ ဘယ်ခါမျှမပယ်လို၊ လမ်းမှန်လျှောက်ရန်ကိုယ်တော်နောက်လိုက်၊ နေ့ညမပြတ်စောင့်ရှောက်စဉ်ခိုက်၊ နောက်တော်သို့လိုက်၊ အစဉ်တစိုက်၊ မိတ်ဆွေတည်း။ ယေရှုသည်ကောင်းဆုံးမိတ်ဆွေတည်း၊ ခြားမိတ်ဆွေမလိုပြီ၊ ကိုယ်တော်ကိုသာ၊ ယုံကြည်အားကိုး၊ အသက်ဆုံးသည်တိုင်အောင်။ ကောင်းဆုံးမိတ်ဆွေနှင့်စဉ်ပျော်နေ၊ ထိုအသက်တာမဆုံးနိုင်လေ၊ ထာဝရသက်၊ ဝမ်းမြောက်စဉ်ဆက်၊ မိတ်ဆွေတည်း။