Artists: Elvina M. Hall
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ကယ်တင်ရှင်မိန့်မူရှာ၊ သင်ခွန်အားနည်းပါးသည်၊ စောင့်နေလျက်ဆုတောင်းပါ၊ စုံလင်ခြင်းငါ၌တွေ့မည်။ ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။ သခင်ငါတွေ့သည်မှာ၊ ကိုယ်တော်တန်ခိုးသာလျှင်၊ နူနာကွယ်ပျောက်စေပါ၊ ကျောက်နှလုံးရေပျော်စေနိုင်။ ရှိသောကျွန်ုပ်ကြွေး၊...
Download the app for full lyrics and more...
ကယ်တင်ရှင်မိန့်မူရှာ၊ သင်ခွန်အားနည်းပါးသည်၊ စောင့်နေလျက်ဆုတောင်းပါ၊ စုံလင်ခြင်းငါ၌တွေ့မည်။ ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။ သခင်ငါတွေ့သည်မှာ၊ ကိုယ်တော်တန်ခိုးသာလျှင်၊ နူနာကွယ်ပျောက်စေပါ၊ ကျောက်နှလုံးရေပျော်စေနိုင်။ ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။ ကျေးဇူးတော်နှင့်ထိုက်သည့်၊ ကောင်းမှုတစ်ခုမရှိ၊ သိုးသငယ်သွေးတော်သည်၊ ကျွန်ုပ်ဝတ်လုံဖြူစေမည်။ ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။ ပလ္လင်တော်ရှေ့ရပ်လျှင်၊ ကိုယ်တော်၌စုံလင်မည်၊ ယေရှုခြေရင်းတော်တွင်၊ သရဖူကိုချထားမည်။ ရှိသောကျွန်ုပ်ကြွေး၊ ယေရှုဆပ်ပေးပြီး၊ ပြစ်စွန်းထင်းနီမြန်းသော်လည်း၊ မိုးပွင့်လိုဖြူစေတည်း။