Artists:
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ဝေးလှသောတောင်ကုန်းပေါ်ထူထားသောတိုင်တော်သည်၊ ရှက်ကြောက်ဖွယ်ဒုက္ခခံရာတိုင်တည်း။ ပြစ်လောကကိုကယ်ရန်သေခံရာတိုင်တော်ကို၊ ကျွန်ုပ်သည်ထူးပင်ချစ်ခင်မြတ်နိုး။ တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။...
Download the app for full lyrics and more...
ဝေးလှသောတောင်ကုန်းပေါ်ထူထားသောတိုင်တော်သည်၊ ရှက်ကြောက်ဖွယ်ဒုက္ခခံရာတိုင်တည်း။ ပြစ်လောကကိုကယ်ရန်သေခံရာတိုင်တော်ကို၊ ကျွန်ုပ်သည်ထူးပင်ချစ်ခင်မြတ်နိုး။ တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။ လောကလုံးရွံရှာသောလက်ဝါးကပ်တိုင်တော်သည်၊ ဆွဲနိုင်သောတန်ခိုးသည်အံ့ဖွယ်တည်း။ ထက်ကောင်းကင်ဘုန်းတော်ပင်သိုးသငယ်စွန့်ပြီးကာ၊ သစ်တိုင်မှာသေခံရန်ကြွဆင်းလာ။ တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။ သွေးတော်နှင့်စွန်းထင်းသောလက်ဝါးကပ်တိုင်တော်သည်၊ အံ့ဖွယ်တင့်တယ်စွာကျွန်ုပ်မြင်သည်။ ကျွန်ုပ်ကိုပြစ်လွှတ်လျက်သန့်ရှင်းစင်ကြယ်စေရန်၊ ယေရှုရှင်ထိုတိုင်ပေါ်မှာသေခံ။ တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။ တိုင်တော်ကိုကျွန်ုပ်သည်စဉ်သစ္စာရှိပါမည်၊ ကဲ့ရဲ့ခြင်းပြစ်တင်ခြင်းခံလိုသည်။ ကောင်းကင်ဘုံစံဖို့ရာကိုယ်တော်ရှင်ခေါ်သောအခါ၊ ကိုယ်တော်နှင့်အတူဘုန်းတော်ဝင်မှာ။ တိုင်တော်ကိုကျွန်ုပ်သည်လေးမြတ်မည်၊ လမ်းဆုံးမှာအောင်ပန်းကိုချထားမည်။ ကျွန်ုပ်သည်မှီတွယ်သောတိုင်တော်နှင့်၊ သရဖူကိုတစ်နေ့ဖြင့်လဲချင်။