Artists: John Henry Hopkins Jr.
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ရှေ့ပြည်မှရှင်ဘုရင်သုံးပါး၊ လက်ဆောင်ပဏ္ဏာများနှင့်ရောက်လာ။ ထူးဆန်းသောကြယ်လမ်းညွှန်ပြရာ၊ လမ်းတစ်လျှောက်လုံးလိုက်လာ။ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ သူငယ်တော်အားဘိသိက်မြှောက်ရာ၊ ရွှေမကိုဋ်ကိုဆက်ရန်ယူလာ။...
Download the app for full lyrics and more...
ရှေ့ပြည်မှရှင်ဘုရင်သုံးပါး၊ လက်ဆောင်ပဏ္ဏာများနှင့်ရောက်လာ။ ထူးဆန်းသောကြယ်လမ်းညွှန်ပြရာ၊ လမ်းတစ်လျှောက်လုံးလိုက်လာ။ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ သူငယ်တော်အားဘိသိက်မြှောက်ရာ၊ ရွှေမကိုဋ်ကိုဆက်ရန်ယူလာ။ ကိုယ်တော်ရှင်ဘုရင်မင်းမြတ်သည်၊ စဉ်မပြတ်အုပ်စိုးမည်။ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ လောဗန်နှင့်မွှေးကြိုင်သောနံ့သာ၊ ဆက်ကပ်ဖို့ရာကျွန်ုပ်ယူလာ။ ဆုတောင်းပတ္ထနာချီးမွမ်းကာ၊ ဘုရားထံတော်ဝင်လာ။ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ မွှေးကြိုင်သောမုရန်စေးကိုသာ၊ ကျွန်ုပ်သည်ပူဇော်ဆက်ဖို့လာ။ သင်္ချိုင်းတွင်းမှာသိပ်ထားကာလ၊ မုရန်စေးမွှေးကြိုင်လှ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။ တိုင်ပေါ်မှာပူဇော်ပြီးသောခါ၊ ကယ်တင်ရှင်သေခြင်းမှထလာ။ ကောင်းကင်သားနှင့်မြေကြီးသားတွေ၊ ဟာလေလုယဆိုလေ။ အို- ရောင်ခြည်လင်း၊ အံ့ဖွယ်ကြယ်မင်း၊ တင့်တယ်တောက်ရောင်ခြည်ထွန်းလင်း၊ စုံလင်သောအလင်းတော်မြတ်သို့၊ ရှေ့ပြည်မှလမ်းပြဆောင်ပို့။