Artists: Phillips Brooks
Language: Myanmar
Source: Myanmar SDA Hymnal
Themes: Jesus Christ
Occasions: Christmas
Lyrics Preview
အိုသိမ်ငယ်သောဗက်လင်မြို့၊ တိတ်ဆိတ်စွာရှိနေခါ၊ သာယာငြိမ်သက်လူတို့အိပ်ရာ၊ ကြယ်များဖြတ်သန်းသွားလာ၊ မှောင်မိုက်လွှမ်းမိုးလမ်းပေါ်မှာ၊ စဉ်မြဲကာလထွန်းကာ။ နှစ်ပေါင်းများစွာမျှော်လင့်လေရာ၊ ဤညဉ့်တွင်ပြည့်စုံလာ။ မယ်တော်မာရိသည်ထိုညဉ့်မှာ၊ သားတော်ဖွားတော်မူရှာ၊ ကောင်းကင်သားများကောင်းကင်ဘုံက၊ မေတ္တာတော်...
Download the app for full lyrics and more...
အိုသိမ်ငယ်သောဗက်လင်မြို့၊ တိတ်ဆိတ်စွာရှိနေခါ၊ သာယာငြိမ်သက်လူတို့အိပ်ရာ၊ ကြယ်များဖြတ်သန်းသွားလာ၊ မှောင်မိုက်လွှမ်းမိုးလမ်းပေါ်မှာ၊ စဉ်မြဲကာလထွန်းကာ။ နှစ်ပေါင်းများစွာမျှော်လင့်လေရာ၊ ဤညဉ့်တွင်ပြည့်စုံလာ။ မယ်တော်မာရိသည်ထိုညဉ့်မှာ၊ သားတော်ဖွားတော်မူရှာ၊ ကောင်းကင်သားများကောင်းကင်ဘုံက၊ မေတ္တာတော် စောင့်ကြည့်ကြ၊ မိုးသောက်ကြယ်များတူတကွ၊ ဖွားမြင်ကြောင်း ကြွေးကြော်ကြ။ ဘုရား ဂုဏ်တော်ချီးမွမ်း ကြွေးကြော်၊ ငြိမ်သက်ခြင်းမြေကြီးပေါ်။ ကြီးမြတ်သောသူသနားစဉ်ခါ၊ မည်မျှတိတ်ဆိတ်သာယာ၊ လူများပေါ်သို့ကောင်းချီးပေးရာ၊ ထိုနည်းတူပင်ဖြစ်ပါ၊ သံတော်နားဖြင့်မကြားရ၊ အပြစ်ပြည့်ဝလောက။ သို့သော်ကိုယ်တော်လက်ခံသူတွင်၊ ကိန်းဝပ်မူရန်ကြွဝင်။ ဗက်လင်မြို့သားငယ်ဘုရား၊ ဆင်းသက်ကြွြွာ်မူပါ၊ အပြစ်များကိုပယ်ရှားပြီးခါ၊ စိတ်တွင်ကိန်းတော်မူပါ၊ ဝမ်းမြောက်ဖွယ်ရာသတင်းကို၊ ကောင်းကင်သားများမြွက်ဆို။ ဧမာနွေလအရှင်ဘုရား၊ ကြွလာကိန်းတော်မူပါ။