Artists: Cecil Frances Alexander, 1818-1895
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
လှပသောပန်းပွင့်ဖုံဖုံ၊ မြည်တွန်သောငှက်များလည်း၊ အရောင်အဆင်းအမျိုးစုံ၊ ကိုယ်တော်ဖန်ဆင်းသတည်း။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။ အလွန်မြင့်သောတောင်ကြီးတို့၊ လှပသောမိုးတိမ်လည်း၊ နေထွက်နေဝင်ရောင်ခြည်ကို၊ ဖန်ဆင်းတော်မူသတည်း။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊...
Download the app for full lyrics and more...
လှပသောပန်းပွင့်ဖုံဖုံ၊ မြည်တွန်သောငှက်များလည်း၊ အရောင်အဆင်းအမျိုးစုံ၊ ကိုယ်တော်ဖန်ဆင်းသတည်း။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။ အလွန်မြင့်သောတောင်ကြီးတို့၊ လှပသောမိုးတိမ်လည်း၊ နေထွက်နေဝင်ရောင်ခြည်ကို၊ ဖန်ဆင်းတော်မူသတည်း။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။ စပါးစိုက်သောမိုးဥတု၊ ချမ်းအေးသောဆောင်းရာသီ၊ အသီးမှည့်သောနွေဥတု၊ ကိုယ်တော်ကန့်သတ်လေသည်။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။ သစ်တောမှရသောသစ်သား၊ မိုးဖို့ဓနိသက်ငယ်၊ အိမ်ဆောက်ဖို့ရန်ခုတ်သောဝါး၊ ဖန်ဆင်းတော်မူပေတယ်။ တင့်တယ်လှပရှိသမျှ၊ ကြီးငယ်သတ္တဝါသည်၊ အံ့ဩဖွယ်ရာရှိပေစွ၊ ဘုရားဖန်ဆင်းမူသည်။