Artists: Maltbie D. Babcock
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
ခမည်းတော်ကမ္ဘာပင်၊ ကျွန်ုပ်နားထောင်နေလျှင်၊ ကမ္ဘာတန်ဆာအပေါင်းတို့သည်၊ သီချင်းကျူးအေးသံမြည်။ ခမည်းတော်ကမ္ဘာပင်၊ ကျောက်ဆောင်သစ်ပင်ကောင်းကင်၊ ရေပြင်တို့ကြောင့်ဖန်ဆင်းတော်မူခြင်း၊ ကျွန်ုပ်ဧကန်မှန်သိမြင်။ ခမည်းတော်ကမ္ဘာပင်၊ ကောင်းကင်ငှက်ကျူးအေးခြင်း၊ နံနက်ရောင်ခြည်နှင့်နှင်းပန်းများ၊...
Download the app for full lyrics and more...
ခမည်းတော်ကမ္ဘာပင်၊ ကျွန်ုပ်နားထောင်နေလျှင်၊ ကမ္ဘာတန်ဆာအပေါင်းတို့သည်၊ သီချင်းကျူးအေးသံမြည်။ ခမည်းတော်ကမ္ဘာပင်၊ ကျောက်ဆောင်သစ်ပင်ကောင်းကင်၊ ရေပြင်တို့ကြောင့်ဖန်ဆင်းတော်မူခြင်း၊ ကျွန်ုပ်ဧကန်မှန်သိမြင်။ ခမည်းတော်ကမ္ဘာပင်၊ ကောင်းကင်ငှက်ကျူးအေးခြင်း၊ နံနက်ရောင်ခြည်နှင့်နှင်းပန်းများ၊ ကျေးဇူးတော်ချီးမွမ်းပါ။ ခမည်းတော်ကမ္ဘာပင်၊ သာယာခြင်းကိုတွေ့မြင်၊ လှုပ်ရှားမြက်ပင် ကိုယ်တော်လျှောက်သည်မှာ၊ သံတော်ကြားခပ်သိမ်းနေရာ။ ခမည်းတော်ကမ္ဘာပင်၊ ဘယ်ခါမျှမမေ့ချင်၊ အမှားသည်ထကြွတတ်သော်လည်း၊ ကိုယ်တော်အုပ်စိုးသေးသည်။ ခမည်းတော်ကမ္ဘာပင်၊ ဘယ်ကြောင့်ဝမ်းနည်းရနည်း၊ ကိုယ်တော်သည်ဘုရင်ဖြစ်လျက်အုပ်စိုး၊ ကောင်းကင်မြေကြီးသီချင်းဆို။