Artists: Carl Boberg
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
အို၊ ဖဘုရား၊ ကျွန်ုပ်မှာအံ့ဖွယ်ရာများ၊ အောက်မေ့စဉ်ခါကိုယ်တော်ဖန်ဆင်းလျက်ထား၊ နက္ခတ်တာရာ၊ မိုးကြိုးထစ်ချုန်းသံများပြင်၊ ခပ်သိမ်းမှုရာပြုပြင်တော်မူအရှင်။ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။...
Download the app for full lyrics and more...
အို၊ ဖဘုရား၊ ကျွန်ုပ်မှာအံ့ဖွယ်ရာများ၊ အောက်မေ့စဉ်ခါကိုယ်တော်ဖန်ဆင်းလျက်ထား၊ နက္ခတ်တာရာ၊ မိုးကြိုးထစ်ချုန်းသံများပြင်၊ ခပ်သိမ်းမှုရာပြုပြင်တော်မူအရှင်။ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။ တောအုံတောင်ကြား၊ ကျွန်ုပ်ခရီးသွားရာလမ်း၊ ကျေးငှက်များစွာသာယာမြည်တွန်ပျံသန်း၊ ကုန်းမြင့်တောင်ထိပ်၊ ဆိတ်ငြိမ်ရာရပ်မှမြင်နိုင်၊ မြက်ခင်းလွင်ပြင်လေညင်းတိုက်ခတ်ယိမ်းယိုင်။ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။ ဘုရားရှင်မှာ၊ သားတော်ကိုပင်မညှာပေ၊ လူသတ္တဝါပေါင်းတွက်သက်သေခံပေ၊ ကပ်တိုင်ပေါ်ဝယ်၊ သွေးတော်ပင်သွန်းခြင်းခံရှာ၊ လူတို့ပြစ်များကိုယ်တော်ဆောင်ယူကြွသွား။ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။ ကြွလာခြင်းကို၊ ကျွန်ုပ်တို့မျှော်လင့်တောင့်တ၊ နေ့ညမပြတ်ဒူးထောက်ဆုတောင်းနေအပ်၊ ယေရှုသခင်၊ တစ်ဖန်ဆင်းသက်ကြွလာပ၊ ကောင်းကင်စံရာကျွန်ုပ်ကိုဆောင်ယူအပ်။ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းချင်၊ ကိုယ်တော်သာလျှင်ကယ်တင်ပိုင်ရှင်၊ ကျွန်ုပ်ဝိညာဉ်ကိုယ်တော်ကိုချီးမွမ်းစေ၊ ကိုယ်တော်သာလျှင်ကြီးမြတ်မူပေ။