Artists: F. M. Lehman
Language: Myanmar
Source: Myanmar SDA Hymnal
Lyrics Preview
အပြစ်များသောကျွန်ုပ်တို့ပင်၊ သားတော်ခေါ်ခြင်း ခံရလျှင်၊ ကိုယ်တော်မြတ်၏ချစ်မေတ္တာတော်၊ ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။ သွန်းတော်မူသွေးတော်မြတ်ကြောင့်သာ၊ ကိုယ်တော်မြတ်နှင့်နီးလာ၊...
Download the app for full lyrics and more...
အပြစ်များသောကျွန်ုပ်တို့ပင်၊ သားတော်ခေါ်ခြင်း ခံရလျှင်၊ ကိုယ်တော်မြတ်၏ချစ်မေတ္တာတော်၊ ဆင်ခြင်အောက်မေ့ကြလော့။ ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။ သွန်းတော်မူသွေးတော်မြတ်ကြောင့်သာ၊ ကိုယ်တော်မြတ်နှင့်နီးလာ၊ ချစ်သားခေါ်သော်လက်ခံမူပြီ၊ ရင်ခွင်တော်၌လျောင်းမည်။ ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။ နောင်ဘုန်းတော်တွင်ဘယ်သို့ဖြစ်မည်၊ ယခုမထင်ရှားသေး။ ကိုယ်တော်မြတ်ထင်ရှားပေါ်ထွန်းသော်၊ သဏ္ဌာန်တော်နှင့်တူချေ။ ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။ ထိုသို့မျှော်လင့်သူမည်သည်ကား၊ ကိုယ်တော်ကဲ့သို့ဖြစ်ရာ၊ သေခြင်းကိုအောင်၊ ဘုန်းကြီးအရှင်၊ မျက်နှာတော်မြတ်ဖူးမြင်။ ဘုရားသခင်၏သားတော်၊ ခေါ်ဝေါ်ခြင်းအခွင့်ကို၊ ငါတို့သည်ရမည်အကြောင်းတည်း၊ ဘုရားသခင်ငါတို့ကိုချစ်မေတ္တာတော်၊ ကြည့်ရှုလော့။